ကျန်းမာရေး ၀န်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းသင်တန်း
Offered By: OpenWHO
Course Description
Overview
ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဥ်များတွင် ပါ၀င်ဆောင်ရွက်နေသော ကျန်းမာရေး၀န်ထမ်းများအားလုံး အသိပညာအတတ်ပညာများ လုံလောက်စွာရှိရန်လိုပါသည်။ သို့မှသာဘေးကင်း၍ အာနိသင်ရှိသော ကာကွယ်ဆေး ထိုးခြင်းကို လုပ်ဆောင်နိုင်ပါမည်။ ‘ကျန်းမာရေး ၀န်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း သင်တန်းပေးခြင်း’ အစီအစဥ်အား နိုင်ငံများမှ ရှေ့တန်း ကျန်းမာရေး ၀န်ထမ်းများအတွက် ရည်ရွယ်ပါသည်။ ဤအစီအစဥ်အား UNICEF နှင့် ပူပေါင်းဆောင်ရွက်ပြီး မော်ဂျူး ၆ ခုပါ၀င်ပါသည်။ မော်ဂျူးများတွင် ဗီဒီယို သင်ခန်းစာများ၊ ဉာဏ်စမ်းများ၊ အလုပ်ထောက်ကူများ၊ အပြန်အလှန် သတင်းဖလှယ်နိုင်သော လေ့ကျင့်ခန်းများ၊ ဒေါင်းလုတ်ရယူနိုင်သော သတင်းအချက်အလက် တင်ဆက်မှုများ ပါ၀င်ပါသည်။
ဓါတ်ပုံ မူပိုင် − WHO/Blink Media – Giliane Soupe
Syllabus
Course information
ဤသင်တန်းကို အောက်ပါဘာသာစကားများဖြင့်လည်း ရရှိနိုင်ပါသည်။
English - Bahasa Indonesia - македонски - Русский - 中文- Tiếng Việt- العربية - Español - Nederlands - français - Português - Казақ тілі - ကညီစှီၤကျိာ် - ၽႃႇသႃႇတႆး
သင်တန်းအချုပ်: WHO အဖွဲ့အစည်းသည် ကမ္ဘာ့ကပ်ရောဂါ တုန့်ပြန်မှုကို အရှိန်အဟုန်မြင့်စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူရေးနှင့် ညီတူညီမျှစွာ ရရှိနိုင်ရေးတို့အတွက် ကမ္ဘာတစ်၀န်းမှ သိပ္ပံပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အခြား ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ ဤသင်တန်းမှ ကိုဗစ်-၁၉ ရောဂါ၏ ယေဘုယျ အချက်အလက်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ အသေးစိတ် အချက်အလက်များဖြစ်သော သိုလှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ မှတ်တမ်းယူခြင်း၊ ကာကွယ်ဆေးထိုးပြီးနောက် ပေါ်ပေါက်သော နောက်ဆက်တွဲ ပြဿနာများကဲ့သို့ ဖြစ်ရပ်များကို စောင့်ကြပ် ကြည့်ရှုခြင်း၊ ကာကွယ်ဆေး လက်ခံနိုင်မှု၊ တောင်းဆိုမှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်ပေးခြင်း စသော ကဏ္ဍများကို ဗီဒီယိုသင်ခန်းစာအတိုများမှတဆင့် ဆွေးနွေးသွားပါမည်။ ဉာဏ်စမ်းများဖြင့်လည်း မိမိတို့၏ ဗဟုသုတကို စမ်းသပ်ကြည့်နိုင်ပါသည်။ ဤသင်တန်းကို ကာကွယ်ဆေး အဓိက ပေးခြင်း၊ ထိုးနှံခံခြင်းတို့ ကို ဦးစားပေးလုပ်ဆောင်ရမည့် ရှေ့တန်း ကျန်းမာရေး ၀န်ထမ်းများအတွက် အဓိက ရည်ရွယ်ပါသည်။
သင်တန်း၏ ရည်ရွည်ချက်: သင်တန်းပြီးဆုံးလျှင်:
- ရောဂါကို ဖြစ်စေသော SARS-CoV-2 ရောဂါပိုးနှင့် ကိုဗစ်-၁၉ ရောဂါတို့ကို ဖော်ပြတတ်ရန်
- အအေးလမ်းကြောင်း စနစ်အတွက်လိုအပ်ချက်များ၊ သယ်ယူပို့ဆောင်မှု လမ်းကြောင်းအမျိုးမျိုးအတွက် သိုလှောင်ခြင်း၊ ကိုင်တွယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကိုရှင်းပြတတ်ရန်နှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ ရွေးချယ်မှုများ၊ လုပ်ထုံးလုပ်နည်းများကို ဖော်ပြတတ်ရန်
- ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းစဥ်၏ ဖြစ်စဥ်များကို ဖော်ပြနိုင်ရန်နှင့် ကာကွယ်ဆေးထိုးနေစဥ်တွင် အသုံးပြုသင့်သော ကူးစက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အစီအစဥ်များကို သေချာစွာ သိရှိနိုင်ရန်
- ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးနောက် ပေါ်ပေါက်သော နောက်ဆက်တွဲ မလိုလားအပ်သော ပြဿနာများကို သေချာစွာသိရှိနိင်ရန်နှင့် ဤဖြစ်ရပ်များကို မည်သို့ အစီရင်ခံရမည်ကို ရှင်းပြနိုင်ရန်
- မှတ်တမ်းနှင့် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို သိရှိရန်နှင့် ကာကွယ်ဆေး ထိုးရန် ပျက်ကွက်သူများကို နောက်ကြောင်းလိုက်နိုင်စေရန်
- လူတစ်ဦးစီ မူတည်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သက်၍ အကျိုးရှိသော အချက်အလက်များကို မျှဝေတတ်စေရန်
စသည့် ကျွမ်းကျင်မှုများ ရရှိနိုင်ပါသည်။
သင်တန်းကာလ: ခန့်မှန်း ၃ နာရီ
ဂုဏ်ပြုလက်မှတ်:: ဉာဏ်စမ်း မေးခွန်းများကို ၈၀% နှင့် အထက် မှန်ကန်စွာ ဖြေဆိုနိုင်သော သင်တန်းသားများအတွက် ဂုဏ်ပြုလမ်မှတ်တစ်ခု ရရှိမှာ ဖြစ်ပါသည်။ အောင်မြင်မှုမှတ်တမ်းကို လက်ခံရရှိသူများသည် ဤသင်တန်းအတွက် Open Badge ကိုလည်း ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ လုပ်နည်းကိုလေ့လာရန် ဤနေရာကိုနှိပ်ပါ။
ဤသင်တန်းကို UNICEF နှင့် ပူးပေါင်း၍ တင်ဆက်ထားခြင်း ဖြစ်ပါသည်။ အချက်အလက်မာတိကာအားလုံးကို WHO မှ ခွင့်ပြုပေးထားခြင်း ဖြစ်ပါသည်။
COVID-19 vaccination training for health workers, 2021 မှ မြန်မာ သို့ ပြန်ဆိုထားပါသည်။ ဤဘာသာပြန်၏ အကြောင်းအရာ သို့မဟုတ် တိကျမှုများအတွက် WHO တွင် တာဝန်မရှိပါ။ အင်္ဂလိပ်နှင့် မြန်မာဘာသာပြန်အကြား မကိုက်ညီမှုများရှိလျှင် အင်္ဂလိပ်မူသည်သာလည်း စည်းနှောင်မှုရှိသော၊ မူရင်း မူဖြစ်ပါသည်။ ဤဘာသာပြန်ကို WHO က အတည်ပြုမထားပါ။ ဤအရင်းအမြစ်များမှာ သင်ယူရေးအထောက်အကူများအတွက်သာ ရည်ရွယ်ပါသည်။
Course contents
မော်ဂျူး ၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် မိတ်ဆက်ခြင်း:
သင်တန်းမိတ်ဆက်ဖြစ်ပြီး အဓိက ရည်ရွည်ချက်မှာ အခြေခံကျသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းစဥ်၏ သတင်းအချက်အလက်များကို ကျန်းမာရေး၀န်ထမ်းများနှင့် ကာကွယ်ဆေးထိုးပေးသူများ သိရှိနိုင်ရန်ဖြစ်သည်။မော်ဂျူး ၂။ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သိုလှောင်ခြင်း၊ ကိုင်တွယ်ခြင်း၊ ပို့ဆောင်ခြင်းနှင့် စွန့်ပစ် ပစ္စည်းများကို စီမံခန့်ခွဲခြင်း။:
ဤမော်ဂျူးတွင် အပိုင်း ၃ ခုပါ၀င်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့်ဆိုင်သော ကာကွယ်ဆေးထိုးလုပ်ငန်းများကို အစီအစဥ်တကျ လုပ်ဆောင်ခြငိး၊ ကာကွယ်ဆေးထိုး စုရပ်များတွင် အအေးလမ်းကြောင်း စနစ်များကို စနစ်တကျအသုံးပြုပြီး ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးဌာန အဆင့်တို့တွင် စွန့်ပစ် ပစ္စည်း စီမံ ခန့်ခွဲမှုနှင့်ဆိုင်သော အသိပညာများပါ၀င်သည်။မော်ဂျူး ၃။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး အစီအစဥ်များကို စီစဉ်ဆောင်ရွက်ခြင်း။:
ဤမော်ဂျူးပြီးလျှင် အောက်ဖော်ပြပါ အသိပညာများရရှိနိုင်မည် ဖြစ်သည်။ ကာကွယ်ဆေး ထိုးနှံနေစဥ်အတွင်း ကျန်းမာရေး ၀န်ထမ်းများ၊ ဆေးထိုးနှံရန်လာသူများ၊ ပြည်သူလူထုများကို ကူစက်ပိုးမှ ကာကွယ်ရန်နှင့် ထိန်းချုပ်ရန် နည်းလမ်းများ၊ ကျန်းမာရေးဌာန အဆင့်၊ ပြည်သူလူထုကြား၊ ကာကွယ်ဆေး ပညာပေးပွဲများ စသည့် အခြေအနေအသီးသီးတွင် ကာကွယ်ဆေးထိုးနှံသည့် အစီအစဥ်များကို ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းစဥ်အတိုင်း စီမံနိုင်ရန် နည်းလမ်းများ၊ ဘေးကင်း လုံခြုံသော ကာကွယ်ဆေးထိုး လုပ်ငန်းစဥ်နှင့် စွန့်ပစ်ပစ္စည်းထားသိုရန် နည်းလမ်းများကို သိရှိနိုင်မည် ဖြစ်သည်။မော်ဂျူး ၄။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ပေါ်သော ပြဿနာများကို စောင့်ကြည့်ခြင်း:
ဤမော်ဂျူး ပြီးဆုံးလျှင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ပေါ်သော ပြဿနာများ ကို သေချာစွာသိရှိနိုင်ပြီး မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကိုပါ ဖော်ပြနိုင်ပါမည်။ ထို့အပြင် ထိုပြဿနာများကို မည်သို့ အစီရင်ခံဆောင်ရွက်ရမည်ကို ရှင်းပြနိုင်ပါမည်။မော်ဂျူး ၅။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်ခြင်း:
ဤမော်ဂျူးပြီးလျှင် စနစ်ကျသော မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၊ မှတ်တမ်းနှင့် မှတ်ပုံတင်ရန် စာရွက်စာတမ်းများကို သေချာစွာသိရှိအသုံးပြုတတ်ခြင်း နှင့် အခြေအနေပေးလျှင် ကာကွယ်ဆေး ထိုးရန် ပျက်ကွက်သူများကို နောက်ကြောင်းလိုက်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရပါမည်။မော်ဂျူး ၆။ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်၍ လူထုအား ဆက်သွယ်ဆွေးနွေးခြင်း :
ဤမော်ဂျူးပြီးလျှင် ကျန်းမာရေး၀န်ထမ်းများ၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်သော တာ၀န်နှင့် ၀တ္တရားများကို ဖော်ပြနိုင်မည်ဖြစ်သည်။ လူတစ်ဦးစီ မူတည်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သက်၍ အကျိုးရှိသော အချက်အလက်များကို မျှဝေနိုင်မည်ဖြစ်သည်။ ရပ်ရွာလူထုများကို ဆက်ဆံပြောဆိုရေး ဗျူဟာများမှ ဖြစ်လာနိုင်ချေရှိသော ဆက်ဆံရေး ပုံစံများကို ရှင်းပြနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ပေါ်သော ပြဿနာများကို ကိုင်တွယ်ရာတွင် ကာကွယ်ဆေး ထိုးပေးသူ၏ အရေးပေါ် ဆက်ဆံရေး အခြေအနေတွင် မည်သို့ တာ၀န်ယူရသည်ကိုရှင်းပြနိုင်မည်ဖြစ်ပါသည်။
Related Courses
Perioperative Medicine in ActionUniversity College London via FutureLearn Tackling Antimicrobial Resistance: A Social Science Approach
Imperial College London via FutureLearn Vaccines and COVID-19 Teach-Out
University of Michigan via Coursera COVID-19: Tackling the Novel Coronavirus
London School of Hygiene & Tropical Medicine via FutureLearn Science Matters: Let's Talk About COVID-19
Imperial College London via Coursera